Posts

Showing posts from September, 2018

ပြောမယုံ ကြုံဖူးမှသိ ၂

နေထက် နောက်ဘေးတံခါးကို အသံမထွက်အောင် တိတ်ဆိတ်စွာ ပိတ်ရင်း လမ်းမီးရောင် သဲ့သဲ့လင်းနေသည့် လမ်းကြားထဲသို့ လစ်ထွက်လာခဲ့သည်။ အနောက်တိုင်းပုံစံ ဆောက်လုပ်ထားသည့် တစ်ထပ်တိုက် အိမ်လေးထဲတွင်တော့ အန်တီလေးနှင့် မီမီလွင်၏ စကားများသံများက ညံပွက် ကျန်နေလေသည်။ ထုံးစံအတိုင်း မီမီလွင် ကောင်လေးဖြစ်သူ ဇော်ဇော်နှင့် ပတ်သက်ပြီး သားအမိနှစ်ယောက် စကားများကြတာ ဖြစ်သည်။ ဇော်ဇော့်ကို အန်တီလေး မကြိုက်သလို နေထက်လဲ ကြည့်မရပါ။ ပြောမရလို့ သူ့အနေနှင့် မီမီလွင်ကို ဘာမှမပြောသော်လဲ အန်တီလေးကတော့ မီမီလွင်နှင့် ဇော်ဇော် ချိန်းတွေ့သည်ဟု ကြားတိုင်း အမြဲဆူပူနေကြ ဖြစ်သည်။ နေထက် ပထမတော့ ယမင်းတို့ အိမ်ဘက်သွားရင် ကောင်းမလားဟု တွေးလိုက်သော်လဲ အချိန်က အတော်လင့်နေပြီ။ ၀ါကျင့်ကျင့်လေး လင်းနေသည့် လမ်းမီးတိုင် တစ်တိုင်အောက်တွင် ခနရပ်ကာ စဉ်းစားပြီးနောက် သူ့ခြေထောက်တွေက သွားနေကြနေရာဖြစ်သည့် စမ်းချောင်းလေး ဘက်သို့ လျှောက်လာခဲ့သည်။ သူ စိတ်ထဲတွင် အလိုမကျဖြစ်တိုင်း ဒီနေရာလေးသို့ လာနေကြဖြစ်သည်။ အခုလဲ ဘာရယ်မဟုတ်ပဲ ထွက်လာခဲ့သည်။ အန်တီလေး၏ အိမ်က တောင်ကြီးမြို့  အစွန်တွင် ရှိသဖြင့် သူတို့အိမ်ကနေ ၁၅မိနစ်လောက် သွားလျှင် ယူကလစ်ပင် ထင်းရှူးပင်များ ...

ပြောမယုံ ကြုံဖူးမှသိ ၁

တောင်ခါးပန်းကို ပတ်ကာ တက်နေသည့် ဆလွန်းကားလေး၏ ကားမောင်းသူဘေးတွင်ထိုင်ကာ နေထက်ငြိမ်ငြိမ်လေး လိုက်ပါလာလေသည်။ ညနေစောင်းပြီမို့ သူရိယနေမင်း၏ အလင်းရောင်သည် လိမ္မော်ရောင်သန်းကာနေသည်။ နေလုံးနီနီကြီးသည် အရှိန်နှင့် သွားနေသည့် ဆူပါဆလွန်းကားလေးကို ပတ်ချာလည်ကာ ရွေ့နေသလိုမျိုး ခံစားရသည်။ တော်ကြာရင်ပေါ်လာလိုက် ခနနေရင် ပျောက်သွားလိုက် ဖြစ်နေသည်။ ကားပြတင်းပေါက်မှန်ကနေ အပြင်ဘက်က တောတောင်ရှုခင်းတွေကို ငေးကြည့်ရင်း နေထက် အတွေးတွေလွင့်မျောနေမိသည်။ နေထက်နှင့် ကားမောင်းသူ ဦးလေးဖြိုး မန္တလေးကနေ ပြန်လာတာ ဖြစ်သည်။ အန်တီလေး ခိုင်းလိုက်သည့် ပစ္စည်းတစ်ခုကို မန္တလေးမှာ ရှိသည့် ပစ္စည်းလက်ခံတစ်ယောက်သို့ သွားပို့ရသည်။ ကိစ္စ၀ိစ္စအားလုံးပြီးလို့ နေထက် သူလိုချင်သည့် ပစ္စည်းပစ္စယအချို့ ကို ဈေးချိုတွင် ၀ယ်ပြီးနောက် မိုးမချုပ်ခင် တောင်ကြီးပြန်ရောက်ရန် ခပ်သုတ်သုတ်ထွက်လာကြတာ ဖြစ်သည်။ အစပထမတုန်းက အန်တီလေးက သူမကိုယ်တိုင် သွားမည်ဆိုသော်လဲ သူမပင်ပန်းမှာစိုးလို့ သူသွားပါ့မည်ဆိုကာ ဦးလေးဖြိုးကို ခေါ်၍ နေထက်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဖေမရှိတော့သည့် သူ့ဘ၀တွင် နေထက် အန်တီလေးလို့ ခေါ်သည့် သူ့အမေတဖြစ်လဲ ဒေါ်စန္ဒာလွင်ကို ခင်မင်တွယ်တာမိသည်။ ဒေါ်စန္ဒာလွင်...