ပြောမယုံ ကြုံဖူးမှသိ ၁

တောင်ခါးပန်းကို ပတ်ကာ တက်နေသည့် ဆလွန်းကားလေး၏ ကားမောင်းသူဘေးတွင်ထိုင်ကာ နေထက်ငြိမ်ငြိမ်လေး လိုက်ပါလာလေသည်။ ညနေစောင်းပြီမို့ သူရိယနေမင်း၏ အလင်းရောင်သည် လိမ္မော်ရောင်သန်းကာနေသည်။ နေလုံးနီနီကြီးသည် အရှိန်နှင့် သွားနေသည့် ဆူပါဆလွန်းကားလေးကို ပတ်ချာလည်ကာ ရွေ့နေသလိုမျိုး ခံစားရသည်။ တော်ကြာရင်ပေါ်လာလိုက် ခနနေရင် ပျောက်သွားလိုက် ဖြစ်နေသည်။ ကားပြတင်းပေါက်မှန်ကနေ အပြင်ဘက်က တောတောင်ရှုခင်းတွေကို ငေးကြည့်ရင်း နေထက် အတွေးတွေလွင့်မျောနေမိသည်။ နေထက်နှင့် ကားမောင်းသူ ဦးလေးဖြိုး မန္တလေးကနေ ပြန်လာတာ ဖြစ်သည်။ အန်တီလေး ခိုင်းလိုက်သည့် ပစ္စည်းတစ်ခုကို မန္တလေးမှာ ရှိသည့် ပစ္စည်းလက်ခံတစ်ယောက်သို့ သွားပို့ရသည်။ ကိစ္စ၀ိစ္စအားလုံးပြီးလို့ နေထက် သူလိုချင်သည့် ပစ္စည်းပစ္စယအချို့ ကို ဈေးချိုတွင် ၀ယ်ပြီးနောက် မိုးမချုပ်ခင် တောင်ကြီးပြန်ရောက်ရန် ခပ်သုတ်သုတ်ထွက်လာကြတာ ဖြစ်သည်။ အစပထမတုန်းက အန်တီလေးက သူမကိုယ်တိုင် သွားမည်ဆိုသော်လဲ သူမပင်ပန်းမှာစိုးလို့ သူသွားပါ့မည်ဆိုကာ ဦးလေးဖြိုးကို ခေါ်၍ နေထက်ထွက်လာခဲ့ခြင်းဖြစ်သည်။ အဖေမရှိတော့သည့် သူ့ဘ၀တွင် နေထက် အန်တီလေးလို့ ခေါ်သည့် သူ့အမေတဖြစ်လဲ ဒေါ်စန္ဒာလွင်ကို ခင်မင်တွယ်တာမိသည်။ ဒေါ်စန္ဒာလွင်သည် နေထက်အဖေ ဦးနေအောင်၏ နောက်မိန်းမဖြစ်သည်။ နေထက် မေမေသည် သူကိုးတန်းနှစ်မှာပင် နှလုံးရောဂါနှင့် ဆုံးပါးခဲ့သည်။ မိသားစု သုံးယောက်ထဲသာ ရှိသည့် သူတို့ဘ၀တွင် မေမေက သူတို့ကို စောစောစီးစီး လက်ပြနှုတ်ဆက်သွားခဲ့သည်။ နေထက်ရော ဖေဖေပါ ၀မ်းနည်းပူဆွေးရသည်။ မေမေဆုံးတော့ ဖေဖေသည် သန်တုန်းမြန်တုန်း အရွယ်ပင် ဖြစ်သည်။ သားအဖနှစ်ယောက်တည်း ကျန်ခဲ့သည့် သူတို့ဘ၀ထဲကို ဒေါ်စန္ဒာလွင် ၀င်ရောက်လာတာက မေမေဆုံးပြီး နှစ်နှစ်အကြာ၌ ဖြစ်သည်။ လုံးကြီးပေါက်လှအရွယ်နှင့် ဖေဖေ့ထက် ဆယ်နှစ်ကျော်ကျော်ငယ်မည့် ဒေါ်စန္ဒာလွင်ကို သူတို့အိမ်ခေါ်လာတော့ နေထက် ဟက်ဟက်ပက်ပက် မရှိလှပါ။ သို့သော် ဖေဖေ၏ ဆန္ဒကို သူမကန့်ကွက်ချင်၊ မငြင်းဆန်ချင်သဖြင့် ဒေါ်စန္ဒာလွင်ကို လက်ထပ်ချင်သည်ဟု ဆိုလာသောအခါ သူ ကောင်း၏ ဆိုး၏ ဘာမှ မပြောခဲ့ပေ။ ခပ်ဆိတ်ဆိတ်ပင် နေခဲ့လေသည်။ ဒါကလဲ ဒေါ်စန္ဒာလွင်သည် သူ့တို့သားအဖလိုမျိုး အမေတစ်ခု သမီးတစ်ခု ဘ၀ဆိုတာ မသိခဲ့လို ဖြစ်ပါသည်။ သူသိရသည့် အချိန်တွင် ဖေဖေတို့က မင်္ဂလာဆောင်ဖို့တောင် ပြင်ဆင်ပြီးနေလေပြီ။ မီမီလွင်ကို သူမြင်ကတည်းက ကြည့်မရပါ။ ဒေါ်စန္ဒာလွင်က အေးသလောက် ဒီ ငတိမလေးက ခပ်ဟော့ဟော့လေးဖြစ်သည်။ ၀တ်ပုံစားပုံက လုံးဝဒေါင့်မကျိုး။ ရုပ်ကလေးက လှတပတလေးလို့မို့လို့လဲ သွေးနထင်ရောက်နေတာလားတော့ မသိ။ နေထက်လို ရိုးရိုးအေးအေး နေတတ်သူနှင့် တစောင်းစေးနှင့် မျက်ချေးပင်။ တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုသလို သူတို့နှစ်ယောက်သည် ဖေဖေရှိစဉ်ကတောင် မတည့်ကျ။ အခုလို ဖေဖေ မရှိတော့သည့် အချိန်တွင် ပိုလို့တောင် ဆိုးသည်ဟု ဆိုရပေမည်။ ဦးနေအောင် လူ့လောကကြီးကနေ စွန့်ခွာသွားပုံက အလောသုံးဆယ် နိုင်လှသည်။ အဲဒီနေ့က အရောင်းအ၀ယ်ကိစ္စတစ်ခုနှင့် သူတစ်ယောက်တည်း မုံရွာကို တက်သွားသည်။ ခါတိုင်း သူသွားလျှင် လိုက်နေကြဖြစ်သည့် အန်တီလေးမောင် ဦးလေးဖြိုးတောင် ထိုအခေါက်က မပါချေ။ နေ့ချင်းပြန်သွားမည်ဆိုပြီး မိုးမလင်ခင်က ထွက်သွားတာ ဖြစ်သည်။ သို့သော် ဖေဖေသည် မန္တလေးကို နေ့ချင်းပြန် ပြန်ရောက်မလာပါ။ သတင်းဆိုးသာလျှင် ဖေဖေ့အစား ရောက်လာခဲ့သည်။ စစ်ကိုင်းကအလွန်တွင် ဖေဖေ့ကားကို ကုန်ကားတစ်စီးက ၀င်တိုက်သည်ဆိုသည့် သတင်း။ နေထက်နှင့် အန်တီလေး လိုက်သွားချိန်တွင် ဖေဖေသည် အသက်မျော့မျော့လေးသာ ရှိတော့သည်။ နေထက်လက်နှင့် အန်တီလေးလက်ကို ဆုပ်ကိုင်ရင်း “မိသားစုလေး မပြိုကွဲပါစေနဲ့ ..“ ဆိုသည့် စကားတစ်ခွန်းကိုသာ ယဲ့ယဲ့လေး ပြောသွားရှာနိုင်သည်။ ထိုစကားက ကျန်ခဲ့သည့် နေထက်တို့ မိသားစုအတွက် တာသွားသည်ဟု ဆိုရမည်။ သူအိမ်ပေါ်ကနေ ဆင်းကာ မေမေ့အဖေဘက်က အမျိုးတွေနှင့် စစ်ကိုင်းတွင် သွားနေမည်ဆိုတော့ အန်တီလေးက ခွင့်မပြုပါ။ ဖေဖေမှာသွားသည့် စကားကို ထောက်ပြကာ သူ့ကို မသွားပါနှင့်ဆို၍ ဖက်ကာငိုသဖြင့် နေထက်လဲ ဘာမှ ထပ်မပြောနိုင်တော့ပါ။ သည်လိုနှင့်ပင် သူသည် အန်တီလေး၏ မွေးရပ်ဇာတိမြေဖြစ်သည့် တောင်ကြီးမြို့သို့ တနွယ်ငင်တစဉ်ပါ ရောက်လာခဲ့ရသည်။ မီမီလွင်နှင့်တော့ တစ်အိမ်တည်းနေလာခဲ့တာ လေးနှစ်ကျော်ကျော်ရှိလာသည့်တိုင် စကားဟုတ်တိပတ်တိ မဆိုဘူးချေ။ တောင်ကြီးတက္ကသိုလ်ကို တက်ရတော့ နေထက်အဖြစ်ကို သိသည့် သူငယ်ချင်းများက သူ့ကို စကြနောက်ကြပါသည်။ “မင်း အဖြစ်က ရတနာဝင်းထိန်ထဲကလိုမျိုး ဆိုရင်တော့ ပွပေါက်ချည်းပဲ“ ဟု စပ်ဖြီးဖြီး မျက်နှာပေးတွေနှင့် ပြောကြသည်။ မိထွေးကလဲ အရွယ်ရှိသေး step sister ကလဲ ခပ်ဟော့ဟော့လေးဆိုကာ “နေရာချင်းတောင် လဲချင်သည်“ ဟု စကြသည်။ နေထက် လက်သီးဆုပ်ကို ထောင်ကာ ပြောသည့်ကောင်ကို အံကျိတ်ကာ ပြမိသည်။ တကယ့်လက်တွေ့တွင် သူ့ဘ၀သည် ခပ်ပေါပေါ အပြာစာအုပ်တွေက ဇာတ်ကွက်တွေလိုမျိုး ဖြစ်မနေပါ။ အဓိကတော့ ဒေါ်စန္ဒာလွင်ကြောင့် ဖြစ်ပါသည်။ စတွေ့ကတည်းက အန်တီလေးဟုသာ ခေါ်ခဲ့သည့် ဒေါ်စန္ဒာလွင်သည် သူ့အမေနီးပါးမျှ သူ့အပေါ်ကောင်းရှာသည်။ ဗုဒ္ဓ၀င်ထဲတွင် မိထွေးတော်ဂေါ်တမီက ဘုရားအလောင်းတော်ပေါ်ကို သားအရင်းနှင့်မခြား ချစ်သည်ဟုဆိုခဲ့ပါသည်။ နေထက် ဘာကိုဆိုလိုမှန်း သေချာနားမလည်ခဲ့ပါ။ ဖေဖေ နောက်အိမ်ထောင်ပြု၍ ဒေါ်စန္ဒာလွင်ကို မိထွေးတော်ရမှ သူသေချာသဘောပေါက်ရသည်။ ဒေါ်စန္ဒာလွင်သည် သူ့ကို သမီးဖြစ်သူ မီမီလွင်ထက်တောင် ပို၍ အရေးပေးကာ ချစ်ခင်လေသည်။ ထို့ကြောင့်ပင် “မီးကိုတော့ ဂရုမစိုက်ဘူး” ဟု တမီးတည်းမီးနေသည့် မီမီလွင်က သူ့ကို ကြည့်မရတာ ဖြစ်မည်။ မည်သို့ပင် ဖြစ်စေ ဒေါ်စန္ဒာလွင်ကြောင့် နေထက်နှင့် မီမီလွင်သည် တေ့တေ့ဆိုင်ဆိုင်တော့ ရန်မဖြစ်ဘူးပါ။ တစ်ယောက်နှင့် တစ်ယောက် မျက်မုန်းကျိုးကာ မကြည်ကြတာပဲ ရှိသည်။ နေထက်ကလဲ သူမအကြောင်း သိနေ၍ ခပ်ရှောင်ရှောင်ပင် နေသည်။ အိမ်မှာ မီမီလွင် ရှိနေလျှင် သူက သူ့သူငယ်ချင်းအိမ်တွေကို လျှောက်လည်နေတာများသည်။ ဒေါ်စန္ဒာလွင် အိမ်ပြန်ရောက်တော့မည် အချိန်ကိုသာမှန်း၍ ပြန်လာတတ်သည်။ မီမီလွင်နှင့် တစ်အိမ်ထဲတွင် နှစ်ယောက်အတူ ကျန်ခဲ့တာမျိုး နေထက်အဖြစ်မခံပါ။ အန်တီလေးကလဲ ဒါကို သိပါသည်။ သူမအလုပ်ကိစ္စပြီးလို့ အိမ်ပြန်ရောက်ပြီ ဆိုတာနှင့် နေထက်ဟန်းဖုန်းကို ဆက်ကာ အမြဲတမ်း ဘယ်ရောက်နေတာလဲဟု မေးလေ့ရှိလေသည်။ အခုဆို၍ နေထက်တောင်ကြီး ရောက်နေတာ နှစ်နှစ်နီးပါး ရှိပြီလို့ ပြောလို့ရသည်။ ရှေ့လထဲ ကျောင်းတွေပြန်ဖွင့်မည်ဆိုရင် သူတတိယနှစ်တောင် တက်ရတော့မည်။ နေထက်၏ အတွေးက ကျောင်းတွေပိတ်ထားသည့် အကြောင်းရောက်သွား၍ မျက်နှာလေးက ငိုင်သွားသည်။ သြော် .. သူ ယမင်းကို မတွေ့တာတောင် တစ်ပတ်ရှိနေပြီပဲ။ အသည်းနှင့်အောင် ချစ်ရသူ … နှလုံးသွေးပွက်ပွက်ဆူအောင် ချစ်ရသူ … အချစ်သွေးတွေ တပွက်ပွက်ကျအောင် ချစ်ရသူ …။ နေထက်၏ အတွေးမြင်ကွင်းတွေ ဆံပင်တွေဖရိုဖရဲနှင့် ငါးရံကိုယ်လုံးလေး ပိုင်ရှင် မေယမင်း၏ ၀တ်လစ်စလစ်ပုံစံက စိတ်ကြွဖွယ်ပေါ်လာသည်။ ပြီးခဲ့တဲ့ တစ်ပတ်ကပင် သူတို့တွေ အချစ်ကြမ်းခဲ့ကြသေးသည်။ “ဟေ့ကောင် … ကိုနေ .. ငိုင်လှချည်လား …“ သူ့ပုခုံးကို ဦးလေးဖြိုးက လာပုတ်မှ နေထက် သူ့ဘက်ကို လှည့်ကြည့်သည်။ “ဘာလဲ ခေါင်းမူးနေတာလား .. မင်းမလဲ .. တောင်ကြီးရောက်နေတာဖြင့် နှစ်နှစ်ရှိတော့မယ် … တောင်တက် တောင်ဆင်းတိုင်း မူးတာ မပျောက်သေးဘူးလား …“ “မဟုတ်ပါဘူး … ဦးလေးကလဲ …. ဟိုတွေး ဒီတွေးနေလို့ပါ … နေဦးဗျာ .. ဒီအတိုင်းက ပျင်းဖို့ကောင်းနေမယ် …. ကျနော် သီချင်းဖွင့်လိုက်ဦးမယ် ….“ နေထက် ဦးလေးဖြိုးကို တုံ့ပြန်ကာ ပြောပြီး သူ့Ipod Touch ကို ကြိုးတပ်ကာ ကားကက်ဆက်နှင့် ဆက်လိုက်သည်။ ခနအကြာတွင်တော့ ယမင်းကြိုက်သည်ဆိုသည့် အဆိုတော်မလေး ခရစ်စတီးနားပါရီ၏ နှစ်တစ်ထောင်ဆိုသည့် သီချင်းက ကားထဲတွင် သာသာလေး ပျံလွင့်လာလေတော့သည် …..။ Heart beats fast Colors and promises How to be brave How can I love when I'm afraid To fall But watching you stand alone All of my doubt Suddenly goes away somehow One step closer I have died everyday waiting for you Darlin' don't be afraid I have loved you for a Thousand years I'll love you for a Thousand more

Comments

Popular posts from this blog

ပြောမယုံ ကြုံဖူးမှသိ ၂